,

နယူးဇီလန်ကိုအရောက်လာမယ့် သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ

Artists’ Shelter က စီစဥ်ပြုလုပ်နေတဲ့ “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” Internation Film Screening အစီအစဥ်ဟာ အခုဆိုရင် နယူးဇီလန်နိုင်ငံအထိ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

လာမယ့် မေလ ၁၁ ရက် (စနေနေ့) မှာ နယူးဇီလန် – Auckland မြို့မှာရှိတဲ့ 7/13 Pilkington Rd, Panmure ​နေရာမှာ ရှိတဲ့ ‘PANMURE COMMUNITY HALL’ ကြီးမှာ “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ခေါင်းစဥ်အောက်က ရုပ်ရှင်ကားတို ၄ ကားကို ပြသသွားမှာဖြစ်ပြီး နယူးဇီလန်နိုင်ငံရောက် မြန်မာပြည်သူများအနေနဲ့ သွားရောက်အားပေးကြည့်ရှုနိုင်မှာပါ။

အသေးစိတ်အချက်အလက်တွေကို Artist’s Shelter ပေ့ချ်မှာ ဝင်ရောက်လေ့လာနိုင်ပြီး “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်များအကြောင်းကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

Ref: Artists’ Shelter

Leave a comment