, ,

DVB မှတ်တမ်းရုပ်ရှင်တိုပြိုင်ပွဲ (DSDC) နှင့် လက်တွဲပူးပေါင်းဆောင်ရွက်မည့် Cinema Boulevard

ယနေ့ကစပြီး Cinema Boulevard အနေနဲ့ DVB မှတ်တမ်းရုပ်ရှင်တိုပြိုင်ပွဲ (DSDC) နဲ့ စတင်လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။​

DSDC ဟာ DVB ရုပ်မြင်သံကြားသတင်းဌာနက စီစဥ်ကျင်းပတဲ့ မှတ်တမ်းရုပ်ရှင်တိုပြိုင်ပွဲဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ၊ စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုစီးပွားရေး စတဲ့ မြန်မာနိုင်ငံနဲ့ တနည်းနည်း ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ရိုက်ကူးပုံဖော်ခွင့်ရမယ့်အခွင့်အရေးဖြစ်ပါတယ်။ DSDC ပြိုင်ပွဲကို ယခုနှစ်မှာ တတိယအကြိမ်မြောက်အဖြစ် ပြုလုပ်ကျင်းပသွားမှာပါ။ လက်ရှိအချိန်မှာ DSDC လျှောက်လွှာစတင်ခေါ်ယူနေပြီဖြစ်ပြီး လျှောက်လွှာများအနက်က အကောင်းဆုံး ၁၀ ခုကိုရွေးချယ်ကာ မှတ်တမ်းရုပ်ရှင်တိုဖြစ်မြောက်ဖို့ ယူရို ၃၃၀၀ ထောက်ပံ့ကြေးပေးအပ်သွားမှာဖြစ်ပါတယ်။

Cinema Boulevard အနေနဲ့ ပြည်တွင်းက မှတ်တမ်းရုပ်ရှင်ဖန်တီးသူများပေါ်ထွက်လာရေး၊ မြန်မာနိုင်ငံရုပ်ရှင်ပရိသတ်များနဲ့ မှတ်တမ်းရုပ်ရှင်တိုများ ရင်းနှီးလာစေရေး၊ DSDC ပြိုင်ပွဲကတဆင့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများကိုထင်ဟပ်တဲ့ မှတ်တမ်းရုပ်ရှင်ကောင်းများ ထွက်ပေါ်လာနိုင်ရေးကို​ရှေူးရှုပြီး DSDC ပြိုင်ပွဲကာလတလျှောက်မှာ DSDC အဖွဲ့သားများနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။​ မကြာခင်မှာ DSDC နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကို Cinema Boulevard Facebook page နဲ့ Website တို့မှာ စတင်တင်ဆက်ပေးသွားတော့မှာဖြစ်လို့ စောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Leave a comment