,

Knives Out 3 ထွက်မည်

Knives Out ရုပ်ရှင်တွေဟာ ဘာလိုလိုနဲ့ သုံးကားတွဲဖြစ်လာပြီး ဒီ franchise ကို သေချာလေးတည်ဆောက်လာခဲ့တာပါ။ ဒါရိုက်တာ Rian Johnson ရဲ့ သုံးကားမြောက် Knives Out ရုပ်ရှင်ဖြစ်တဲ့ Wake Up Dead Man မှာ ဘယ်လိုတွေလာမလဲဆိုတာကိုတော့ ၂၀၂၅ မှာမြင်တွေ့ရတော့မှာပါ။

Daniel Craig ဟာ စုံထောက်အနေနဲ့ပြန်လာမှာဖြစ်ပေမယ့် တခြားပါဝင်မယ့်သရုပ်ဆောင်တွေကို မသိရသေးပါဘူး။ အခုလောလောဆယ် ဒါရိုက်တာ Rian Johnson က ရုပ်ရှင်နာမည်ပဲ ထုတ်ပေးထားပေးတာဖြစ်ပြီး နောက်မှအချက်အလက်တွေထုတ်ပေးမယ်ထင်ပါတယ်။ ပရိတ်သတ်တွေကတော့ အရှေ့ ၂ ကားလို နာမည်ကြီးသရုပ်ဆောင်များများနဲ့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ဒါရိုက်တာကတော့ တတိယမြောက်ရုပ်ရှင်ကို အရှေ့ကားတေါနဲ့ လုံးဝကွဲထွက်ပြီး ရိုက်ကူးတင်ဆက်ပြချင်တယ်ဆိုပါတယ်။

ရိုက်ကူးရေးကိုတော့ ဒီနှစ်ကုန်ပိုင်းမှာ စတင်မှာဖြစ်လို့ ၂၀၂၅ ထဲမှာတောင် နှစ်လည်အကျော်မှ ထွက်မယ်ထင်ပါတယ်။ ဒုတိယရုပ်ရှင်ဖြစ်တဲ့ Glass Onion: A Knives Out Mystery ဟာ အကြောင်းအမျိုးမျိုးကြောင့် ခဏတာပဲရုံတင်လိုက်ရပေမယ့် streaming ပိုင်းမှာ လူကြည့်များခဲ့ပါတယ်။ ပထမရုပ်ရှင်လိုပဲ ရုံတင်ဝင်ငွေပိုင်းမှာ အောင်မြင်ဖို့ကိုတော့ မျှော်လင့်ရမယ်ထင်ပါတယ်။

Teaser ကို ဒီမှာကြည့်ရှုလိုက်ပါ။

Leave a comment