Stranger Things, Enola Homles, Godzilla နဲ့ Damsel သရုပ်ဆောင် Millie Bobby Brown ဟာ Jake Bongiovi နဲ့ လက်ထပ်လိုက်ပြီဆိုတဲ့သတင်းတွေထွက်လာပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်က လက်ထပ်ခဲ့တာလို့ သတင်းအရင်းအမြစ်တွေက ဖော်ပြထားပါတယ်။

Jake Bongiovi ဟာ ဂီတပညာရှင် Jon Bon Jovi ရဲ့သားဖြစ်ပြီး ဖခင်ဖြစ်သူပါ လက်ထပ်ပွဲကို တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ လက်ထပ်ပွဲဟာ အမေရိကားမှာ သီးသန့်ကျင်းပတာဖြစ်ပြီး ပွဲကြီးကြီးကို နောက်မှလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ လက်ထပ်စာချုပ်နဲ့ ကတိကဝတ်တွေထားပြီး တိတ်တဆိတ်လက်ထပ်သွားတာမို့လို့ တကယ်ဟုတ်မဟုတ်ဆိုတာ Miliie ကိုယ်တိုင်အတည်ပြုပေးမှ ယုံကြည်ရမှာပါ။

၂၀၂၁ နွေရာသီကတည်းက သူတို့အချစ်ဇာတ်လမ်းစတင်ခဲ့တာဖြစ်ပြီး instagram မှာစကားပြောရင်း သူငယ်ချင်းဖြစ်ခဲ့တာပါ။ ၂၀၂၃၊ ဧပြီလမှာတော့ စေ့စပ်ခဲ့ပြီး ပရိတ်တွေက ငယ်သေးတယ်လို့ မီတ်ချက်ပြုခဲ့ကြပါတယ်။ Millie ဟာ သက်တူရွယ်တူတွေနဲ့ မကြီးပြင်းလာခဲ့ရဘဲ ကိုယ့်ထက်အသက်ကြီးသူတွေပတ်ဝန်းကျင်မှာ မိတ်ဆွေသူငယ်ချင်းဖြစ်ရတော့ ကောင်လေးဖြစ်သူ Jake က သူ့အတွက် အသစ်သစ်သောအရာတွေကို ယူဆောင်ပေးတဲ့ သူငယ်ချင်းလည်းဖြစ်၊ ချစ်သူလည်းဖြစ်တဲ့ လူတစ်ယောက်ပါလို့ တလောက အင်တာဗျူးမှာဖြေကြားခဲ့ပါသေးတယ်။

သတင်းနဲ့ ဖျော်ဖြေရေးဝက်ဘ်ဆိုက်တွေ တော်တော်များများဖော်ပြထားပြီဖြစ်လို့ အတည်လို့မှတ်ယူရပါတယ်။ ဒါကြောင့် Millie Bobby Brown နဲ့ Jon Bongiovi တို့ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်။

Leave a comment

Trending