,

The Apprentice ရုပ်ရှင်ထံ ရပ်စဲရေးစာပို့လိုက်တဲ့ Trump

The Apprentice ရုပ်ရှင်ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ကောင်းနေပြီး အလားအလာကောင်းလို့ ပြင်သစ်မှာဖြန့်ချီရေးသဘောတူညီချက်ရရှိထားပြီဖြစ်ပါတယ်။ ဒါကို အမေရိကားကို ဒီရုပ်ရှင်ဖြန့်ချီခွင့်ရမှာစိုးလို့ သူ့ရဲ့ရှေ့နေအဖွဲ့ကနေတဆင့် The Apprentice ရုပ်ရှင်ဖန်တီးသူတွေကို ချိန်းခြောက်စာစောင်ပို့လိုက်ပါတယ်။

ရုပ်ရှင်ဟာ Trump ရဲ့ အိမ်ခြံမြေလုပ်ငန်းရှင်ဘဝတုန်းက Roy Cohn ဆိုတဲ့ရှေ့နေနဲ့ မိတ်ဆွေဆက်ဆံရေးကို ရိုက်ကူးတင်ဆက်ထားပြီး ရုပ်ရှင်ပါအကြောင်းအရာတွေက Trump ကိုဒေါသထွက်စေမယ့်အရာတွေပါပဲ။ အိမ်ခြံမြေလုပ်ငန်းရှင်ဘဝတုန်းက ကန်ထရိုက်တာတွေနဲ့ပေါင်း၊ အပေးအယူတွေဖောက်ဖျက်ပြီး အဆောက်အဦးတွေပြီးစီးဖို့ မကောင်းကြံခဲ့တာတွေကို ထည့်သွင်းထားတဲ့အပြင် ပထမဇနီး Ivana Trump ကို မဒိန်းကျင့်ပြီး အရယူကာ ကိုယ်အလေးချိန်ကျဖို့ အမ်ဖီတမင်းဆေးတွေကျွေး၊ မျက်နှာခွဲစိတ်တာတွေလုပ်ခိုင်းတာတွေပါ ပါဝင်ပါတယ်။

ခြိမ်းခြောက်စာထဲမှာ “ဒီရုပ်ရှင်က အသရေဖျက်မှု သက်သက်ပဲ။ ထွက်ကိုထွက်မလာသင့်သလို ဆိုင်ပိတ်ခါနီးလို့ လျှော့စျေးအကန့်မှာ အမှိုက်ပုံးထဲရောက်နေတဲ့ DVD အခွေနေရာနဲ့တောင် မတန်ဘူး။ အမှိုက်ပုံးထဲ မီးလောင်သွားရမှာ” ဆိုပြီး စာစောင်ထဲမှာ ကြမ်းကြမ်းတမ်းတမ်းရေးထားပါတယ်။

ရုပ်ရှင်ဖန်တီးသူတွေကလည်း ခပ်မာမာပါပဲ။ ထုတ်လုပ်သူက ဒီရုပ်ရှင်က သမ္မတဟောင်းရဲ့ ပုံရိပ်အစစ်အမှန်နဲ့ ပကတိအတိုင်း တင်ဆက်ထားတာလို့ဆိုသလို ဖန်တီးသူတွေကလည်း လူတိုင်းကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့ ဆိုပါတယ်။ The Apprentice ရုပ်ရှင်မှာ Sebastian Stan က Donal Trump နေရာက သရုပ်ဆောင်ထားပြီး Jeremy Strong က Roy Cohn နေရာကသရုပ်ဆောင်ထားပါတယ်။

Leave a comment