,

၂၀၂၄ ခုနှစ်ကန်းရုပ်ရှင်ပွဲတော်ရဲ့ Palme d’Or ဆုရရုပ်ရှင်

ဒီနှစ်ရဲ့ ကန်းရုပ်ရှင်ပွဲတော်ဟာ မေလ ၁၄ ရက်နေ့ကနေ စတင်ကျင်းပရာမှာ မေလ ၂၅ ရက်နေ့မှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Paleme d’Or ကို ဆွတ်ခူးသွားတဲ့ရုပ်ရှင်လည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ဒီနှစ် ကန်းရုပ်ရှင်ပွဲတော်ဟာ အတော်လေးရှုပ်ထွေးသွားပြီး ကော်ဇောနီကနေ ရုပ်ရှင်ပြတဲ့အထိ အရင်နှစ်တွေထက်ဆိုးပြီး နည်းပညာပိုင်းချို့ယွင်းမှုတွေ၊ ဗရုတ်သုတ်ခတွေနဲ့ ပြည့်နေပါတယ်။ ဒီနှစ် ကန်းရုပ်ရှင်ပွဲတော် ရုပ်ရှင်စာရင်းကိုလည်း အရင်နှစ်တွေထက်ပါဝင်လာမှုများပေမယ့် ကောင်းနိုးရာရာနည်းတဲ့ အတော်လေးအားနည်းတဲ့နှစ်လို့ သတ်မှတ်ကြပါတယ်။ 

ဒါရိုက်တာ Sean Baker ရဲ့ Anora ဆိုတဲ့ရုပ်ရှင်ဟာ Palme d’Or ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါရိုက်တာ Sean Baker ကို စာဖတ်သူတွေရင်းနှီးမှာဖြစ်ပြီး သူကတော့ The Florida Project ဒါရိုက်တာပဲဖြစ်ပါတယ်။ The Florida Project ရုပ်ရှင်က ၂၀၁၇ ခုနှစ် ကန်းရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပေမယ့် ဆုမရခဲ့သော်လည်း ၇ နှစ်အကြာ တကျော့ပြန်လာတဲ့ Anora ရုပ်ရှင်နဲ့ ကန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုကို ဆွတ်လူးနိုင်ခဲ့ပါတယ်။ 

Anora ရုပ်ရှင်ကို Neon ကပဲ ဖြန့်ချီသွားမှာဖြစ်လို့ Neon ဟာ ၅ နှစ်ဆက်တိုက် Palme d’Or ဆုရရုပ်ရှင်တွေကို ဖြန့်ချီတဲ့ကုမ္ပဏီဖြစ်လာခဲ့တာမို့လို့ အရင်ကထက်လူသိများလာပါတယ်။ Parasite, Titane, Triangle of Sadness နဲ့ Anatomy of a Fall ရုပ်ရှင်တွေဟာ US မှာဖြန့်ချီဖို့ Neon နဲ့စာချုပ်ချုပ်ထားခဲ့ကြတာဖြစ်ပြီး ဒီရုပ်ရှင်တွေကလည်း အမြင့်ဆုံး Palme d’Or ကိုပဲဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။ Neon ဖြန့်ချီရေးကို တည်ထောင်တာ ၇ နှစ်ပဲရှိသေးပေမယ့် ဒီလိုမြန်မြန်သွက်သွက်နဲ့ သူတို့ဖြန့်ချီဖို့တာဝန်ယူထားတဲ့ ရုပ်ရှင်တွေဟာ ဆုတွေသိမ်းပိုက်ထားတာမို့လို့ မျက်နှာပွင့်လာတာဖြစ်ပါတယ်။ Anatomy of a Fall တုန်းကလိုမျိုး ဆုပေးရာသီရောက်ရင် ကန်ပိန်းတွေလုပ်ပြီး Anora ကို အော်စကာထိခေါ်ဆောင်သွားနိုင်မယ်ထင်ပါတယ်။ 

Anora ရုပ်ရှင်ဟာ ဘရွတ်ကလင်းက လိင်လုပ်သမလေး Anora ဟာ တနေ့မှာ စင်ဒရဲလားပုံပြင်ဆန်ဆန် လူကုံထံသူဌေးသားတစ်ယောက်နဲ့ အိမ်ထောင်ရက်သားကျသွားခဲ့ပါတယ်။​ အဲ့ဒီသတင်းဟာ ရုရှားမှာရှိတဲ့ Anora ရဲ့မိဘတွေဆီ ရောက်ရှိသွားတဲ့အချိန်မှာတော့ မိဘတွေဟာ နယူးယောက်ကိုလာရောက်ပြီး အိမ်ထောင်ဖြိုခွဲဖို့အတွက် ကြိုးစားကြတဲ့အခါ Anora ရဲ့ နတ်သမီးပုံပြင်မှာ ပြိုကွဲလုနီးနီးဖြစ်လာပါတော့တယ်။ 

Leave a comment