,

Young Sheldon အဆက်လာမည်

The Big Bang Theory sitcom ရဲ့အောင်မြင်မှုကနေ Young Sheldon ဆိုတဲ့ မိသားစုတွေအကြိုက်စီးရီးထွက်ရှိခဲ့ပြီး ၇ နှစ်ကျော်ကြာအထိ ပရိသတ်တွေအကြိုက်တွေ့ခဲ့ပါတယ်။ တချို့ဆို Young Sheldon ကို မူလပထမဖြစ်တဲ့ The Big Bang Theory ထက်တောင်ကြိုက်နှစ်သက်ကြပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေကအစ ပိုကောင်းတဲ့မှတ်ချက်ပြုကြပါတယ်။

Season 7 ခုအပြီးမှာ Young Sheldon ဇာတ်သိမ်းပိုင်းကြောင့် ပရိသတ်တွေငိုယိုကြရာကနေ ဆက်ပြီးထွက်ရှိဖို့တောင်းဆိုကြပါတယ်။ ဒါကြောင့် Sheldon Cooper ရဲ့အစ်ကိုဖြစ်သူ Georgie Cooper Jr. ရဲ့ပထမအိမ်ထောင်ဘဝကို အခြေတည်ပြီးရိုက်ကူးမယ့် spin-off စီးရီး ထွက်ရှိဖို့ပြင်ဆင်နေကြပါပြီ။

၂၀၂၄ ခုနှစ် ဆောင်ဦးရာသီမှာ စတင်ပြသမှာဖြစ်ပြီး ရက်အတိအကျတော့မသိရသေးပါဘူး။ Young Sheldon အပြီး ၃၊ ၄ လလောက်ပဲစောင့်ပြီး အရင်ကဇာတ်ကောင်တချို့ကို ပြန်လည်တွေ့ရှိရတော့မှာပါ။ Georgie နဲ့ Mandy တို့ရဲ့ပထမအိမ်ထောင်ရေးကို အဓိကပြသမှာဖြစ်ပါတယ်။ ပရိသတ်တွေဟာ Young Sheldon မှာ Georgie ကိုကြိုက်နှစ်သက်ကြပြီး ဒီဇာတ်ကောင်အတွက် သီးသန့်စီးရီးကိုလည်း အရှေ့ကစီးရီးတွေလို အားပေးကြမယ်ထင်ပါတယ်။

Leave a comment