,

Harry Potter စီးရီးမှာ ဘယ်လိုပုံစံနဲ့မှပါလာဖို့မရှိတဲ့ Daniel Radcliffe

Harry Potter ရုပ်ရှင်တွေရဲ့ အဓိကဇာတ်ကောင် Harry Potter သရုပ်ဆောင်ဖြစ်တဲ့ Daniel Radcliffe ဟာ အခုဖန်တီးနေတဲ့ Harry Potter စီးရီးနဲ့ပက်သက်ပြီး အမေးခံရတာကို ဒီလိုဖြေလာခဲ့ပါတယ်။

Harry Potter စီးရီးကို လုပ်ကိုင်နေတာကြာပြီဖြစ်ပြီး ဇာတ်ကောင်တွေအတွက် သရုပ်ဆောင်တွေလည်း ရွေးချယ်ပြီးသွားပါပြီ။ ပုံမှန်ဆို franchise တစ်ခု reboot လုပ်ရင် spin-off ဆိုရင် အရင်ကဇာတ်ကောင်သရုပ်ဆောင်တွေပြန်ပါလာတတ်ပေမယ့် ဒါနဲ့ပက်သက်ပြီး Daniel Radcliffe ကတော့ ဘယ်နည်းနဲ့မှ ပြန်မပါလာဘူးလို့ ဖြေကြားခဲ့ပါတယ်။

“ကျွန်တော် တခြားသူတွေလို ကြည့်ဖို့စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့မှ ပြန်ပါလာမှာမဟုတ်ပါဘူး။ စိတ်ကူးယဥ်တွေနဲ့ ပရိသတ်တွေကို မျှော်လင့်ချက်မပေးချင်လို့ ဒီလိုပြတ်ပြတ်ပြောတာပါ။ ကျွန်တော်တို့ပြန်ပါလာတော့လည်း အလုပ်ဖြစ်မှာမှ မဟုတ်တာ။”

Harry Potter စီးရီးဟာ စာအုပ်တွဲထဲက အကြောင်းအရာတော်တော်များများကို မှန်မှန်ကန်ကန်မှီငြမ်းရိုက်ကူးသွားမှာလို့ ဆိုပါတယ်။ စာအုပ်တစ်အုပ်ကို season တစ်ခုလုပ်မှာဖြစ်ပြီး ၁၀ နှစ်ဆက်တိုက်ဖန်တီးဖြစ်ရင် ဖြစ်မယ်လို့ဆိုပါတယ်။ ၂၀၂၆ ခုနှစ်အစောပိုင်းလောက်မှာ ထုတ်လွှင့်ပြသသွားမှဖြစ်ပါတယ်။

Leave a comment