,

Joker: Folie à Deux ရဲ့ Harley Quinn ဆိုတာ

Lady Gaga ဟာ Joker: Folie à Deux ရုပ်ရှင်ထဲက Harley Quinn ဇာတ်ကောင်ဟာ ရုပ်ပြ (comics) ထဲက Harley Quinn နဲ့ကွဲပြားတယ်ဆိုတဲ့အကြောင်း ဖြေဆိုထားပါတယ်။ 

“ကျွန်မရဲ့ Harley ဗားရှင်းက ကျွန်မရဲ့ဗားရှင်းပါပဲ။ ရုပ်ရှင်အတွက် ဒီဇာတ်ကောင်က အစစ်အမှန်ဖြစ်ပြီး ရုပ်ရှင်ထဲမှာ ကျွန်မမလုပ်ဖူးတာတွေပါပဲ။ ဒါကြောင့် အားလုံးက လုံးဝအသစ်စက်စက်ဖြစ်ပြီး တကယ်ကို ပျော်စရာကောင်းပါလိမ့်မယ်။” လို့ Access Hollywood နဲ့အင်တာဗျူးမှာဖြေဆိုထားပါတယ်။

ဒီလို Lady Gaga အနေနဲ့ Harley Quinn ဇာတ်ကောင်ကို Margot Robbie ဆီက လက်ဆင့်ကမ်းသွားတဲ့အပေါ် “ကျွန်မအရမ်းပျော်ပါတယ်။ ကျွန်မအစကတည်းကပြောဖူးသလိုပဲ Harley Quinn အတွက် ကျွန်မလိုချင်တာက Macbeth, Batman တို့လို သရုပ်ဆောင်ကောင်းတစ်ယောက်ဆီက တစ်ယောက်ကို လက်ဆင့်ကမ်းသွားတဲ့ဇာတ်ကောင်ပဲဖြစ်စေချင်တာမို့လို့ပါ” ဆိုပြီး လွန်ခဲ့တဲ့နှစ်တွေကပြောဖူးပါတယ်။ 

Lady Gaga ဟာ Joker: Folie à Deux ရုပ်ရှင်မှာ Harley Quinn အဖြစ်သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်ဟာ ဂီတရုပ်ရှင်အမျိုးအစားဖြစ်ပြီး Joker နဲ့ ဂီတရုပ်ရှင်ကို ဒါရိုက်တာ Todd Phillips ကဘယ်လိုချပြမလဲမသိပါဘူး။ Teaser ပုံတွေေပဲထုတ်ပြသေးတာဖြစ်ပြီး ဒီနှစ်နှစ်ကုန်ပိုင်းမှာ ရုံတင်သွားမှာဖြစ်ပါတယ်။ 

Leave a comment