,

Sequel အသစ်တွေထပ်ထုတ်ဖို့လုပ်နေတဲ့ Pixar

Pixar ဟာ တလောတုန်းက Disney+ အတွက် လုပ်ငန်းတာဝန်တွေအများကြီးမလုပ်တော့မှာမို့လို့ ဝန်ထမ်း ၁၇၅ ယောက်တောင် လျှော့ချလိုက်တဲ့သတင်းကို ဖတ်မိမယ်ထင်ပါတယ်။ ဒီလိုလျှော့ချပြီး အရင်က Pixar စံတစ်ခုနဲ့ အရည်အသွေးကို ဘယ်လိုပြန်လည်ထိန်းသိမ်းမလဲဆိုတာနဲ့ပက်သက်ပြီး သတင်းထပ်မံထွက်ရှိလာပါတယ်။

အဲ့ဒါကတော့ အရင်ကအောင်မြင်ပြီးသား Pixar ရုပ်ရှင်တွေကို sequel ထွက်ရှိဖို့ လုပ်မှာပဲဖြစ်ပါတယ်။ Pixar ဟာ ကြမ်းတမ်းတဲ့နှစ်အနည်းငယ်ဖြတ်သန်းပြီးချိန်မှာ သူတို့ကုမ္ပဏီကို အရင်လိုပြန်ဖြစ်ဖို့ ချဉ်းကပ်နည်းကို သိပ်မဟန်ဘူးမြင်ပေမယ့် ဘယ်လိုလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဘာလို့ဆို အခုအချိန်မှာ တော်တော်များများက reboot, spin-off, sequel ဆိုတာတွေကို ကြားချင်၊ မြင်ချင်တာမဟုတ်လို့ပါ။

Finding Nemo နဲ့ The Incredibles ရုပ်ရှင်တွေကို လာမယ့်နှစ်အတွင်း sequel ထွက်ရှိဖို့ခေါင်းထဲမှာရှိတယ်လို့ Pixar ဥက္ကဌ Jim Morris ကဆိုပါတယ်။ အရင်လို တစ်နှစ်တစ်ကားမဟုတ်တော့ဘဲ သုံးနှစ်အတွင်း နှစ်ကားထွက်ရှိဖို့သာရှိတော့ပါတယ်။
Finding Nemo နဲ့ The Incredibles ရုပ်ရှင်တွေဟာလည်း ဒုတိယကားထွက်ရှိပြီးသားဖြစ်ပြီး ၃ ကားမြောက်ကိုဖန်တီးကြမှာပါ။ ဒီလိုနာမည်ကြီးပြီးသားရုပ်ရှင် franchise တွေကို သွားထိတာ ပရိသတ်တွေအပြင် Pixar ဝန်ထမ်းတွေရဲ့ သားသမီးတောင်မကြိုက်ကြပါဘူး။ ဒုဥက္ကဌရဲ့ သားဖြစ်သူကို “အမေတို့ The Incredibles 3 ဖန်တီးနေတယ်” လို့ပြောတာကို ကလေးဖြစ်သူက ပိုက်ဆံရှာတာသက်သက်ပဲ လို့ပြန်လည်ချေပလိုက်ပါတယ်။ ဒါနဲ့ပက်သက်ပြီး “sequel တွေက အသွားနှစ်ဖက်ရှိတဲ့ဓားလိုပဲ ဘာလို့ဆို ကြည့်ရတာမတန်ဘူးထင်ရင် ပရိသတ်တွေက ကြမ်းကြမ်းတမ်းတမ်းနဲ့ မြန်မြန်ဆန်ဆန်တုန့်ပြန့်မှာမို့လို့ပါပဲ” လို့ဆိုပါတယ်။

လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာလည်း Inside Out 2 ထွက်ရှိဖို့ရှိပြီး ၂၀၂၆ ခုနှစ်မှာတော့ Toy Story 5 မှာထွက်ရှိဖို့ လျာထားပါတယ်။ ဒါကြောင့် ဒီ sequel တွေဘယ်လိုအလုပ်လုပ်လဲပေါ်မူတည်ပြီး ထပ်မံထွက်ရှိမယ့် sequel တွေရဲ့အနာဂတ်ကိုခန့်မှန်းနိုင်မှာဖြစ်ပါတယ်။

Leave a comment